Wednesday, July 2, 2025

သင်ပြမှုပုံစံ ရေးဆွဲပြင်ဆင်ခြင်း (Lesson Planning)

 သင်ပြမှုပုံစံ ရေးဆွဲပြင်ဆင်ခြင်း (Lesson Planning) 

သင်ပြမှုပုံစံ (Lesson Plan) ဆိုတာဘာလဲ

သင်ပြမှုပုံစံ (Lesson Plan) မှာလည်း သတ်မှတ်ထားရှိရတဲ့ အချိန်ကာလတစ်ခု ရှိမယ်။ 

သင့်ကျောင်းသူကျောင်းသားတွေအနေနဲ့ ဗဟုသုတအသစ်တွေ၊ ကျွမ်းကျင်မှုအသစ်တွေရရှိသွားနိုင်ဖို့ ဆရာ၊ဆရာမက ကူညီပေးရတဲ့ အစီအစဉ်ဖြစ်ပါတယ်။ သင်ပြမှုပုံစံ (Lesson Plan) တစ်ခုစီတိုင်းမှာ ဆရာ၊ဆရာမက ပေးအပ်တဲ့ ရင်းမြစ်တွေနဲ့ သင်ယူမှုလုပ်ငန်းတွေကို အသုံးပြုပြီး သတ်မှတ်ထားတဲ့ အချိန်ကာလ (သင်ခန်းစာ)တစ်ခုအတွင်း ပါဝင်တဲ့လူတွေ (ကျောင်းသားတွေ)အတွက် သင်ယူမှုရလဒ်များ (ခေါင်းစဉ်တွေ သို့မဟုတ် ကျွမ်းကျင်မှုတွေ) ပါဝင်ပါတယ်။

သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေ၊ သင်ယူမှုရလဒ်တွေကို SMART စံနှုန်းတွေနဲ့ ကိုက်ညီအောင် ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။ SMART ဆိုတာက S - specific (တိကျသော)၊ M -  measurable (တိုင်းတာ၍ရနိုင်သော) A - achievable (အောင်မြင်နိုင်ခြေရှိသော) R - relevant (ဆီလျော်မှုရှိသော) T - time-bound (အချိန်ကန့်သတ်ချက်ရှိသော) ဆိုတဲ့ စံနှုန်းတွေပဲ ဖြစ်ကြပါတယ်။

သင်ပြမှုပုံစံ (Lesson Plan) တစ်ခုကို ရေးဆွဲပြင်ဆင်တဲ့နေရာမှာ ဆရာတစ်ဦးအနေနဲ့ သင့်ကိုယ်သင် မေးမြန်းဆန်းစစ်နိုင်တဲ့ အရေးကြီးတဲ့ မေးခွန်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ကြပါတယ်။

  • သင်ခန်းစာ သို့မဟုတ် အတန်းချိန်က ဘယ်လောက်ကြာမလဲ။
  • သင်ယူမှုရည်မှန်းချက်ပန်းတိုင်များ သို့မဟုတ် ရလဒ်များက ဘယ်အရာများ ဖြစ်ကြပါသလဲ။
  • ကျောင်းသားတွေရဲ့ ကျွမ်းကျင်မှု အဆင့်က ဘယ်အပိုင်းအခြားထဲမှာ ရှိပါသလဲ။
  • ဒီသင်ခန်းစာခေါင်းစဉ်နဲ့ ပတ်သက်ပြီး ကျောင်းသားကျောင်းသူတွေ သိရှိထားပြီးသား အ‌ကြောင်းအရာက ဘယ်အရာတွေ ဖြစ်မလဲ။
  • သင့်အနေနဲ့ ရင်းမြစ်တွေကို လက်လှမ်းမီ ရယူနိုင်ပါသလား။
  • သင့်အနေနဲ့ ဘယ်လို သင်ကြားရေး နည်းဗျူဟာတွေကို အသုံးပြုသွားမလဲ။ (ဥပမာ - ဆရာဗဟိုပြု၊ ကျောင်းသားဗဟိုပြု၊ လိုအပ်ချက်အလိုက် ပြောင်းလဲလုပ်ဆောင်ရတဲ့ လုပ်ငန်းတာဝန်များ၊ ငြမ်းဆင်သင်ကြားခြင်း (scaffolding)၊ စူးစမ်းလေ့လာသင်ယူမှု၊ ပူးပေါင်းဆောင်ရွက် သင်ယူမှု စသည်)
  • သင့်အနေနဲ့ အတန်းတွင်း သင်ယူမှုကို ဘယ်လို စစ်ဆေးအကဲဖြတ်မလဲ (ဆိုလိုတာက သင်ယူစဉ်စစ်ဆေးအကဲဖြတ်ခြင်းကို ဘယ်လိုဆောင်ရွက်မလဲ။) 
  • အောက်ပါမေးခွန်းတွေကို စဉ်းစားပြီး ဖြေဆိုကြည့်ပါ။ 

    • သင့်ရဲ့အတန်းချိန်တွေအတွက် သင်ပြမှုပုံစံတွေကို အကြိမ်မည်မျှ ပြင်ဆင်လေ့ရှိပါသလဲ။ (ဥပမာ - တစ်ပတ်မှာ တစ်ခု စသည်)
    • သင့်ရဲ့ အတွေ့အကြုံအရ သင်ပြမှုပုံစံ (lesson plan) တွေက အထောက်အကူ ဖြစ်စေပါသလဲ။
    • သင်ပြမှုပုံစံ (lesson plan) ကို ရေးဆွဲပြင်ဆင်တဲ့အခါ သင့်အနေနဲ့ ကြုံတွေ့ရလေ့ရှိတဲ့ စိန်ခေါ်မှု တစ်ချို့က ဘယ်အရာတွေများလဲ။ 

No comments:

Post a Comment

ဥတုဖောက်ပြန် သဘာ၀ဘေးရန် ရှေးဦးပြုစုခြင်းဖြင့်တို့တုံ့ပြန်

            တစ်ချိန်က ကျွန်ုပ်တို့ကမ္ဘာမြေ၏ရင်ခွင်သည် ဥတုသုံးပါး၏ သဟဇာတဖြစ်သော သံစဉ်တို့ဖြင့် သာယာငြိမ့်ငြောင်းခဲ့ဖူးသည်။သို့သော် ယနေ့အခါ ...